Famous singers urge Myanmar to stay at home in new campaign against coronavirus YANGON, 9 April 2020 - “Stay at Home” song performed by Wine Su Khine Thein and Ni Ni Khin Zaw in a new awareness-raising video for COVID-19. As Myanmar’s New Year holiday, Thingyan, approaches, Wine Su Khine Thein and Ni Ni Khin Zaw appeal to the public to stay at home to prevent infection and further spread of COVID-19. The animated music video was today launched on Facebook and Tik Tok as part of a response to COVID-19. The song is written by Shwe Gyaw Gyaw and includes COVID-19 prevention advice, such as avoiding touching the face, and regular hand washing.         The campaign aims to reach the whole population of Myanmar with its catchy lyrics and bouncy tune. The first version is launched in Myanmar language, and in the coming days the campaign will release versions in other ethnic languages of Myanmar to reach people in all states and regions. A version with sign language interpretation will also be made available.  The campaign is implemented by Community Partners International (CPI) and its partners, Tay Than Thar, Pote Ma, Sin Sar Bar, and Firework.  The initiative is co-funded by Access to Health Fund and Livelihoods and Food Security Fund LIFT, and their donors: the United Kingdom, Sweden, the European Union, Switzerland, Australia, the United States of America, Canada and Ireland. Access to Health Fund and LIFT are managed by UNOPS. “Stay at Home” campaign song: Facebook: - https://www.facebook.com/sinsarbar/videos/879473282514477/ For more information: Nilar Win | Communications Senior Officer | Access to Health Fund | Mob: +95 9 965840656 | Email: nilarwi@unops.org ....................................................................................................................................................................   ကိုရိုနာဗိုင်းရပ်စ် တားဆီးတိုက်ဖျက်ရေး လှုံ့ဆော်ကမ်ပိန်းမှာ နာမည်ကျော် အဆိုတော်တွေက ပြည်သူတွေအားလုံး အိမ်မှာနေကြဖို့ တိုက်တွန်းထားပါတယ်။  ရန်ကုန်၊ ၉ ဧပြီ ၂၀၂၀ ။ “အိမ်မှာနေပါ” ဆိုတဲ့ သီချင်းကို ဝိုင်းစုခိုင်သိန်းနဲ့ နီနီခင်ဇော်တို့က COVID-19 အသိပညာပေး လှုံ့ဆော်မှု အတွက် သီဆိုပေးထားတာဖြစ်ပါတယ်။  မြန်မာနှစ်သစ်ကူး သင်္ကြန် အားလပ်ရက်နီးလာတာကြောင့် အရင်လိုအပြင်မထွက်ကြပဲ အိမ်မှာပဲနေကြဖို့ ဝိုင်းစုနဲ့ နီနီက တိုက်တွန်းထားပါတယ်။ ဒါမှ အခြား သူတွေဆီက ကိုယ့်ကို ဖြစ်စေ၊ ကိုယ်ကတဆင့် အခြားသူတွေကို ဖြစ်စေ COVID-19 ကူးစက်မှုကို ကာကွယ်တားဆီးနိုင်မှာဖြစ်ပါတယ်။   COVID-19 တုံ့ပြန်လုပ်ဆောင်မှုရဲ့ တစိတ်တပိုင်းအဖြစ် ပညာပေးလှုံ့ဆော်တဲ့ ဒီသီချင်းကို Facebook နဲ့ Tik Tok မှာ ဒီနေ့ စတင် ဖြန့်ဝေလိုက်ပြီဖြစ်ပါတယ်။ သီချင်းကို ရွှေဂျော်ဂျော်က ရေးသားထားတာဖြစ်ပြီး COVID-19 တားဆီးကာကွယ်ရေး အကြုံပြုချက်တွေဖြစ်တဲ့ မျက်နှာကို မထိမကိုင်ကြဖို့နဲ့ ပုံမှန်လက်ဆေးကြဖို့ တိုက်တွန်းထားတာပါ။   ကမ်းပိန်းရဲ့ ရည်ရွယ်ချက်က မှတ်မိလွယ်တဲ့ စာသား နားစွဲလွယ်တဲ့ သံစဉ်တွေနဲ့ ပညာပေးသီချင်းကို သုံးပြီး တိုက်တွန်းနှိုးဆော်ချင်တဲ့ အကြောင်းအရာကို မြန်မာတပြည်လုံးမှာရှိတဲ့ ပြည်သူတွေ သိရှိသွားစေဖို့ပဲဖြစ်ပါတယ်။ ပထမဆုံး မြန်မာဘာသာနဲ့ ဖြန့်ဝေတာဖြစ်ပါတယ်။ တနိုင်ငံလုံးမှာ ရှိတဲ့ ပြည်သူတွေအားလုံးဆီ ရောက်ဖို့အတွက်တော့ နောက်ရက်တွေမှာ တိုင်းရင်းသား ဘာသာစကားတွေနဲ့ ထုတ်ပြန်သွားမှာဖြစ်ပါတယ်။ အကြားအာရုံချို့တဲ့သူတွေအတွက် လက်ဟန်ပြ ဘာသာပြန်မှုကိုလည်းထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။   ကမ်ပိန်းကို Community Partners International (CPI) နဲ့ လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ တေးသံသာ၊ ပုဒ်မ၊ စဉ်းစားပါ၊ Firework စတဲ့ အဖွဲ့တွေက အကောင်အထည်ဖော်တာဖြစ်ပါတယ်။   ဒီလုပ်ဆောင်ချက်ကို Access to Health Fund နဲ့ Livelihoods and Food Security Fund LIFT၊ အလှူရှင်တွေဖြစ်တဲ့ ဗြိတိန်နိုင်ငံ၊ ဆွီဒင်နိုင်ငံ၊ ဥရောပသမဂ္ဂ၊ ဆွစ်ဇာလန်နိုင်ငံ၊ ဩစတြေးလျနိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ ကနေဒါနိုင်ငံနဲ့ အိုင်ယာလန်နိုင်ငံတို့က ပံ့ပိုးပေးထားတာဖြစ်ပါတယ်။ Access to Health Fund နဲ့ LIFT ဟာ UNOPS က စီမံခန့်ခွဲနေတဲ့ ရံပုံငွေတွေဖြစ်ပါတယ်။    “Stay at Home” campaign song: Facebook: https://www.facebook.com/sinsarbar/videos/879473282514477/ For more information: Nilar Win | Communications Senior Officer | Access to Health Fund | Mob: +95 9 965840656 | Email: nilarwi@unops.org