အရင်းအမြစ်များ စုပေါင်းအသုံးပြုခြင်း နှင့် ထိရောက်သော ညှိနှိုင်းဆောင်ရွက်မှုတို့ ပေါင်းစပ်လာသည့်အခါ အကျိုးသက်ရောက်မှု ကြီးမားသော စီမံကိန်းများကို ဖြစ်ပေါ်လာစေသည်။

ဆယ်စုနှစ်များစွာ အတွေ့အကြုံများအရ LIFT က အရင်းအမြစ်များ စုပေါင်းအသုံးပြုခြင်းသည် မြန်မာနိုင်ငံ ပြည်သူများနှင့် အလှူရှင်များ နှစ်ဦးနှစ်ဖက်စလုံးအတွက် ပိုမို ညီညွတ်ကောင်းမွန်စေကာ ပူးပေါင်းချိတ်ဆက်မှုရှိပြီး အကျိုးသက်ရောက်မှု ကြီးမားသော စီမံကိန်းများကို ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိခဲ့သည်။
LIFT ၏ စီမံအုပ်ချုပ်မှုပုံစံသည် စိန်ခေါ်မှုများပြားသော အခြေအနေမျိုးတွင် လိုက်လျောညီထွေရှိမှု၊ ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး၏ ဖြောင့်မတ်တည်ကြည်မှုတို့ကို ကာကွယ်စောင့်ရှောက်ရင်း တစ်ချိန်တည်းမှာပင် ပူးပေါင်းဆုံးဖြတ်ချက်ချမှတ်ခြင်း၊ အလှူရှင်များ၏ လမ်းညွှန်မှု နှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ တာဝန်ခံမှုနှင့် ညှိနှိုင်းဆောင်ရွက်မှုတို့ကို အဓိကထားသည်။ LIFT သည် ရန်ပုံငွေများကို အမြင့်ဆုံးစံချိန်စံညွှန်းများဖြင့် စီမံခန့်ခွဲအသုံးပြုရန် ကတိကဝတ်ပြုထားပြီး တာဝန်ခံမှုကို မြှင့်တင်ကာ မမှန်မကန် ဆောင်ရွက်မှုများ သို့မဟုတ် အဂတိလိုက်စားမှုအပေါ် လုံးဝ သည်းခံခွင့်လွှတ်မည်မဟုတ်သော (zero-tolerance) မူဝါဒကို လိုက်နာကျင့်သုံးသည်။ 
ပိုမိုဖတ်ရှုရန် ပုံများကို နှိပ်ပါ။

အလှူရှင်များ

LIFT ၏ အလှူရှင်များသည် နှစ်စဉ်တွေ့ဆုံကြပြီး ရန်ပုံငွေဘုတ်အဖွဲ့သည် သုံးလတစ်ကြိမ် အစည်းအဝေးကျင်းပသည်။ ရန်ပုံငွေဘုတ်အဖွဲ့သည် LIFT ၏ အဓိက စီမံအုပ်ချုပ်ရေးအဖွဲ့အဖြစ် မဟာဗျူဟာဆိုင်ရာ ကြီးကြပ်မှုနှင့် အဆင့်မြင့်အဆင့် စွမ်းဆောင်ရည် ပြန်လည်သုံးသပ်မှုများကို ဆောင်ရွက်သည်။

ရန်ပုံငွေ စီမံခန့်ခွဲရေးရုံး

ရန်ပုံငွေ စီမံခန့်ခွဲရေး ရုံး (Fund Management Office) သည် ရန်ပုံငွေ ညွှန်ကြားရေးမှူး၏ ဦးဆောင်မှုဖြင့် LIFT ၏ နေ့စဉ်လုပ်ငန်းဆောင်တာများကို တာဝန်ယူ ဆောင်ရွက်ပါသည်။ LIFT ကို ကုလသမဂ္ဂ စီမံကိန်းဝန်ဆောင်မှုများရုံး (UNOPS) ၏ စီမံခန့်ခွဲရေး၊ ယုံကြည်အပ်နှံမှုဆိုင်ရာ တာဝန်ယူမှု၊ လုပ်ထုံးလုပ်နည်းလိုက်နာမှုဆိုင်ရာ မူဝါဒများ၊ လမ်းညွှန်ချက်များနှင့်အညီ စီမံခန့်ခွဲသည်။

မိတ်ဖက်များ

LIFT ၏ စီမံကိန်းများကို အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGOs)၊ ပုဂ္ဂလိကကဏ္ဍနှင့် ပညာရေးနှင့် သုတေသန အဖွဲ့အစည်းများ အပါအဝင် မိတ်ဖက်အဖွဲ့အစည်းများက အကောင်အထည်ဖော် ဆောင်ရွက်ပါသည်။ မိတ်ဖက်များကို UNOPS ၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရွေးချယ်ပါသည်။

ဦးစားပေးလုပ်ငန်းများနှင့် ချဉ်းကပ်မှုနည်းလမ်းများကို သေချာစွာ ထည့်သွင်းနိုင်ရန်အတွက် အစီအစဉ်သစ်များနှင့် စီမံကိန်းအသစ်များကို တိုင်ပင်ဆွေးနွေးသည့် လုပ်ငန်းစဉ်များမှတစ်ဆင့် ရေးဆွဲပုံဖော်ပါသည်။