LIFT သည် မြန်မာပြည်သူများကို အကျိုးပြုရန် သန္နိဋ္ဌာန်ချထားပါသည် — လူမှုအသိုင်းအဝိုင်းများသည် အမြဲတမ်း ပထမ ဖြစ်ပါသည်။
LIFT အနေဖြင့် မိမိတို့ ရန်ပုံငွေပံ့ပိုးထားသည့် စီမံကိန်းများမှတဆင့် လူမှုရေး၊ သဘာဝပတ်ဝန်းကျင်နှင့် စီးပွားရေးကဏ္ဍများတွင် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများ ရရှိစေရန် ရည်သန်ဆောင်ရွက်လျက်ရှိပါသည်။
လူမှုအသိုင်းအဝိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း
လူမှုအသိုင်းအဝိုင်းများအနေဖြင့် ၎င်းတို့၏ နစ်နာချက်များ သို့မဟုတ် အငြင်းပွားမှုများကို တင်ပြဖြေရှင်းနိုင်ရန်အတွက် တရားဝင် လုပ်ငန်းစဉ်တစ်ရပ်ကို ပြဋ္ဌာန်းထားပါသည်။ ဤလုပ်ထုံးလုပ်နည်းသည် LIFT မှ ရန်ပုံငွေပံ့ပိုးထားသော စီမံကိန်းများနှင့် စီမံကိန်းနယ်မြေများအတွင်းရှိ လူပုဂ္ဂိုလ် သို့မဟုတ် အသိုင်းအဝိုင်းများအပေါ် ဖြစ်ပေါ်လာသည့် သို့မဟုတ် ဖြစ်ပေါ်လာနိုင်ခြေရှိသည့် သဘာဝပတ်ဝန်းကျင်၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ထိခိုက်နစ်နာမှုများကို ဖြေရှင်းပေးနိုင်ရန် ရည်ရွယ်ပါသည်။
-
တိုင်ကြားနိုင်ရန် အကျုံးဝင်သော ပြဿနာများ သို့မဟုတ် ဖြစ်စဉ်များသည် အောက်ပါ စံသတ်မှတ်ချက်များနှင့် ကိုက်ညီရမည်ဖြစ်ပါသည် -
-
လက်ရှိ သို့မဟုတ် အဆိုပြုထားသော LIFT မှ ရန်ပုံငွေပံ့ပိုးထားသည့် စီမံကိန်းတစ်ခု ပါဝင်ခြင်း၊ သို့မဟုတ် စီမံကိန်းဧရိယာအတွင်း ဖြစ်ပွားခြင်း၊
-
တိုင်ကြားသူ သို့မဟုတ် လူမှုအသိုင်းအဝိုင်းအပေါ် LIFT မှ ရန်ပုံငွေပံ့ပိုးထားသည့် စီမံကိန်း၏ ဆိုးရွားသော လူမှုစီးပွား၊ အကာအကွယ်ပေးရေး သို့မဟုတ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်သက်ရောက်မှုကို ရှင်းပြခြင်း၊ နှင့်
-
သက်ဆိုင်ပါက – ယခုအချိန်အထိ ပြဿနာကို ဖြေရှင်းရန် လုပ်ဆောင်ခဲ့သော အဆင့်များကို အကြမ်းဖျင်း ဖော်ပြခြင်း။
ဆက်သွယ်ခြင်း
LIFT သို့ ဆက်သွယ်တိုင်ကြားရာတွင် အောက်ဖော်ပြပါ အချက်အလက်များကို ထည့်သွင်းပေးပို့ပါ-
-
ဆက်သွယ်ရန် အသေးစိတ်အချက်အလက်များ (ဥပမာ - ဖုန်းနံပါတ်၊ အီးမေးလ် သို့မဟုတ် အခြား ဆက်သွယ်နိုင်မည့် အချက်အလက်များ)။ အကယ်၍ လူပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် လူမှုအသိုင်းအဝိုင်းကိုယ်စား ဆက်သွယ်တိုင်ကြားခြင်းဖြစ်ပါက သက်ဆိုင်ရာ အဖွဲ့အစည်းနှင့် လူမှုအသိုင်းအဝိုင်း၏ အမည်၊
-
စီမံကိန်းအမည်၊ တည်နေရာနှင့် စီမံကိန်းအကြောင်းအရာ အပါအဝင် စီမံကိန်းနှင့်သက်ဆိုင်သည့် အသေးစိတ်အချက်အလက်များ၊
-
အဆိုပါ စီမံကိန်းကြောင့် ပြည်သူလူထု သို့မဟုတ် သဘာဝပတ်ဝန်းကျင်အပေါ် မည်ကဲ့သို့ ထိခိုက်နစ်နာစေခဲ့ကြောင်း သို့မဟုတ် ထိခိုက်နစ်နာနိုင်ခြေရှိကြောင်း ရှင်းလင်းတင်ပြချက်၊ နှင့်
-
သက်ဆိုင်ပါက – အဆိုပါပြဿနာအား ဖြေရှင်းရန် ယခင်က ဆောင်ရွက်ခဲ့ဖူးသည့် လုပ်ငန်းစဉ် အသေးစိတ်များ။
LIFT ကို ဆက်သွယ်ရန် –
-
ဖုန်း : +(၉၅) ၁ ၈၆ ၅၇ ၂၈၀ ~ ၈၇၊ ၈၆ ၅၇ ၇၀၃ ~ ၀၄
-
အီးမေးလ် : lift@unops.org
-
စာပို့ရန်လိပ်စာ : UNOPS၊ ၁၂(အို)၊ ပြည်သူ့လမ်း၊ ၇ မိုင်၊ မရမ်းကုန်းမြို့နယ်၊ ၁၁၀၆၁၊ ရန်ကုန်၊ မြန်မာ
လုပ်ငန်းစဉ်
(၁)ဆက်သွယ်ခြင်း: ပေးပို့လာသော ဆက်သွယ်တိုင်ကြားမှုကို လက်ခံရရှိကြောင်း အကြောင်းပြန်ကြားမည်ဖြစ်ပြီး၊ အမှုတွဲ ရည်ညွှန်းအမှတ် (Case reference number) တစ်ခုကို သတ်မှတ်ပေးမည် ဖြစ်ပါသည်။
(၂)စိစစ်ခြင်း: ပေးပို့လာသော တိုင်ကြားမှုသည် သတ်မှတ်ထားသော စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ၊ မရှိ စိစစ်သုံးသပ်မည် ဖြစ်ပါသည်။
(၃)စုံစမ်းစစ်ဆေးခြင်း: အကယ်၍ အကျုံးဝင်မှုရှိပါက သက်ဆိုင်သူများအားလုံးထံမှ အချက်အလက်များ စုဆောင်းရယူကာ စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
(၄)ဖြေရှင်းဆောင်ရွက်ခြင်း: ဖြေရှင်းနည်း အဆိုပြုချက်တစ်ခု ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ပါသည်။ ယင်းသို့ ဖြေရှင်းဆောင်ရွက်မှုများ အပြည့်အဝ ပြီးမြောက်သွားသည့်အခါတွင် အဆိုပါ အမှုတွဲကို ပိတ်သိမ်းမည် ဖြစ်ပါသည်။