LIFT သည် သိသာထင်ရှားသော အပြောင်းအလဲတစ်ရပ် ဖြစ်ပေါ်စေလိုသော အလှူရှင်များ၊ ပြည်သူများနှင့် မိတ်ဖက်များအတွက် ဖြစ်သည်။

LIFT နှင့် လက်တွဲလုပ်ဆောင်နိုင်သော အဓိကနည်းလမ်းများမှာ အလှူရှင်အဖြစ်၊ ဝန်ထမ်းအဖြစ် သို့မဟုတ် မိတ်ဖက်အဖွဲ့အဖြစ် ပါဝင်လုပ်ဆောင်ခြင်းတို့ ဖြစ်သည်။

 

အဖွဲ့ဝင်အဖြစ် ဝင်ရောက်ပါ

အလုပ်ခေါ်စာများကို UNOPS အလုပ်အကိုင်ရှာဖွေရေး စာမျက်နှာ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ (တာဝန်ထမ်းဆောင်ရမည့်နေရာ (duty station) တွင် "Myanmar" ဟု ရေးသားပြီး ရလဒ်များကို ကန့်သတ်ရှာဖွေနိုင်ပါသည်။)

 

မိတ်ဖက်အဖြစ် ဝင်ရောက်ပါ

LIFT သည် ၎င်း၏ ရန်ပုံငွေဘုတ်အဖွဲ့ မှ အတည်ပြုထားသော ဦးစားပေးချက်များ နှင့်အညီ လုပ်ငန်းအစီအစဉ်အသစ်များကို ဖော်ဆောင်ပြီး အဆိုပြုလွှာများ ဖိတ်ခေါ်ပါသည်။ LIFT ၏ ချဉ်းကပ်နည်းလမ်းများ၏ အဓိကမဏ္ဍိုင်တစ်ခုမှာ ဒေသခံဦးဆောင်သော ဆောင်ရွက်ချက်များကို ပံ့ပိုးပေးရန် ဖြစ်ပါသည်။

LIFT နှင့် မိတ်ဖက်အဖြစ် ပူးပေါင်းလုပ်ဆောင်ခြင်းနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို တောင်းခံနိုင်သည်။

နောက်ဆုံးရ အဆိုပြုလွှာခေါ်ယူမှုများနှင့် စိတ်ဝင်စားမှု ဖော်ပြချက် (expressions of interest) များကို UNOPS ၏ eSourcing စနစ်မှတဆင့် ရှာဖွေနိုင်ပါသည်။