LIFT ၏ မဟာဗျူဟာသည် ရန်ပုံငွေသုံးစွဲမှုဆိုင်ရာ လမ်းညွှန်မှုပေးခြင်း၊ အကျိုးတူပူးပေါင်းသည့် သူများဖြင့် ဆက်ဆံခြင်းနှင့် LIFT ၏ အခန်းကဏ္ဍ ဖြစ်သော သညာ၊ စွမ်းအားဖွံ့ ဖြိုးတိုးတက်မှု နှင့် ထောက်ခံအားပေးမှု စသော LIFT ၏ အခြေခံသဘောတရားများကို ရှင်းလင်းပြတ်သားစွာ ပေါ်လွင်စေပါသည်။

LIFT ၏ မဟာဗျူဟာသည် အောက်ဖော်ပြပါ အိမ်ထောင်မိသားစုများအပါအ၀င် မြန်မာနိုင်ငံတွင်းရှိ ဆင်းရဲနွမ်းပါးသူများနှင့် အားအင်နည်းပါးသော လူဦးရေကို LIFT၏ ရည်ရွယ်ထားသောအကျိုးတူခံစားမည့်သူများ အဖြစ်လည်း ရည်ရွယ်သက်မှတ်ထားပါသည်။
- မြေယာအနည်းစုသာပိုင်ဆိုင်သော လယ်သမားများအတွက် ကုန်ထုတ်လုပ်မှုနှင့် ကုန်ထုတ်စွမ်းအား မြှင့်တင်ပေးရန်
- မြေယာမဲ့ပြီး အင်အားအနည်းဆုံးသောလူဦးရေ (ဒေသအလိုက် လူဦရေ၏ ၂၅% မှ ၆၀%) အတွက် အစာရေစာ အသေအချာ ရနိုင်မည့် အခွင့်အလမ်း
LIFT ရန်ပုံငွေသည်မြေယာမဲ့သောသူများအား အလုပ်အကိုင်ရရှိနိုင်သည့် အခွင့်အရေးဖန်တီးပေးလျှက်ရှိသော စိုက်ပျိုးရေးမြေယာများစွာ ပိုင်ဆိုင်သော လယ်သမားများဖြင့်လည်း အတူပူးပေါင်းလုပ်ကိုင် ဆောင်ရွက်လျှက်ရှိသည်။ ဥပမာအားဖြင့် ထိုသို့ ဖန်တီးပေးသော လယ်သမားများအား အခြားသူများအား လုပ်ငန်းတရပ်ဆောင်ရွက်ရန် ကူညီထောက်ပံ့ပေးသောသူအဖြစ် အသိအမှတ်ပြု၍ လိုအပ်သည်များကို ထောက်ပံ့ပေးမည်ဖြစ်သည်။