LIFT သည် ၎င်းကိုယ်တိုင်နှင့် ၎င်း၏ မိတ်ဖက်အဖွဲ့အစည်းများအတွက် အမြင့်မားဆုံး စံချိန်စံညွှန်းများကို လက်ကိုင်ထားပါသည်။

LIFT သည် အမြင့်မားဆုံးသော ဖြောင့်မတ်တည်ကြည်မှု စံချိန်စံညွှန်းများကို ထိန်းသိမ်းစောင့်ရှောက်ရန် ကတိကဝတ်ပြုထားပြီး UNOPS ၏ စည်းမျဉ်းစည်းကမ်းများနှင့် လုပ်ငန်းလမ်းညွှန်ချက်များကို မလျော်ကန်သော ပြုလုပ်ခြင်းနှင့် ချိုးဖောက်မှုများအပေါ် လုံးဝ သည်းခံခွင့်လွှတ်မည်မဟုတ်သော (zero-tolerance) မူဝါဒကို လိုက်နာကျင့်သုံးသည်။

UNOPS ၏ တာဝန်ခံမှုဆိုင်ရာ အသေးစိတ် လမ်းညွှန်ချက်များကို လေ့လာကြည့်ရှုပါ။

ဤစံချိန်စံညွှန်းများသည် LIFT အဖွဲ့နှင့် LIFT မှ ရန်ပုံငွေပံ့ပိုးသော စီမံကိန်းများကို အကောင်အထည်ဖော်ရေး မိတ်ဖက်အဖွဲ့အစည်းများအတွက်ပါ သက်ဆိုင်ပါသည်။

သတင်းပေးပို့တိုင်ကြားခြင်း

UNOPS ၏ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခြင်း သို့မဟုတ် မလျော်ကန်သော အပြုအမူများအား တွေ့ရှိပါက မည်သည့်နေရာသို့ မည်သို့မည်ပုံ သတင်းပေးတိုင်ကြားရမည်ဟူသော အချက်အလက်များကို UNOPS ၏ Integrity Portal တွင် ဖော်ပြထားပါသည်။