LIFT ရန်ပုံငွေ၏ ယေဘုယျ ရည်မှန်းချက်မှာ ကုလသမဂ္ဂ ထောင်စုနှစ် ရည်မှန်းချက်များ အနက်မှ တစ်ခုဖြစ်သည့် ဆင်းရဲနွမ်းပါးမှု လျော့ပါးရေးနှင့် စားနပ်ရိက္ခာ ဖူလုံရေး ရည်မှန်းချက် ပန်းတိုင်သို့ ဦးတည်သော အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေး အစီအစဉ်တစ်ရပ်ကို မြန်မာနိုင်ငံတွင် ဆောင်ရွက်ပြီး စားနပ်ရိက္ခာ ရရှိနိုင်မှု အခြေအနေနှင့် ကျေးလက်ဒေသရှိ ၀င်ငွေ နည်းပါးသူ ၂ သန်း၏ မိသားစုဝင်ငွေ တိုးတက်မြင့်မားလာစေရန် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
သတ်မှတ်လျာထားသည့် ရည်မှန်းချက်များ ပြည့်မြောက်အောင် အောက်ပါအတိုင်း ဆောင်ရွက်လျက် ရှိပါသည်။
- သီးနှံ စိုက်ပျိုး ထုတ်လုပ်မှုနှင့် ရိတ်သိမ်းချိန်လွန် နည်းပညာ မြင့်မား တိုးတက် လာစေရန် ကူညီပံ့ပိုးခြင်း၊ စိုက်ပျိုးရေး သွင်းအားစုများနှင့် ဈေးကွက် အခြေအနေ ဖွံ့ဖြိုးစည်ပင် လာစေရန် ဆောင်ရွက်ခြင်းတို့ဖြင့် ကျေးလက်ဒေသနေ ပြည်သူတို့၏ ၀င်ငွေနှင့် စိုက်ပျိုးရေး သီးနှံထုတ်လုပ်မှု တိုးတက် မြင့်မား လာစေရန် ဆောင်ရွက်ခြင်း၊
- အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ နည်းပညာ သင်တန်းများ ပို့ချခြင်း၊ စိုက်ပျိုးရေး မဟုတ်သည့် အခြား အသက်မွေး ၀မ်းကျောင်း လုပ်ငန်းများ ဆောင်ရွက်ရန် ပံ့ပိုးပေးခြင်းဖြင့် ၀င်ငွေနည်း မိသားစုများကို ကူညီပံ့ပိုးခြင်း၊
- ဒေသတွင်း အသက်မွေး ၀မ်းကျောင်း လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာအောင် ဆောင်ရွက်ခြင်းဖြင့် သဘာဝ သယံဇာတ စီမံခန့်ခွဲရေးနှင့် ပတ်ဝန်းကျင် ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများ အရှိန်အဟုန် မြင့်မားလာစေရန် ထောက်ပံ့ခြင်း၊
- ၀င်ငွေနည်းပါးသော မိသားစုများ၏ အသက်မွေး ၀မ်းကျောင်းမှု အခွင့်အလမ်းများကို ကာကွယ် မြှင့်တင်ခြင်းဖြင့် ယင်းတို့၏ မိသားစုဝင်ငွေနှင့် လူမှုဖူလုံရေး လုပ်ငန်းများ ထိရောက်မှု မြင့်မားလာစေရန် ဆောင်ရွက်ခြင်း၊
- ၀င်ငွေနည်းပါးသော မိသားစုဝင်တို့၏ အသက်မွေးဝမ်းကျောင်းမှု အာမခံချက် ရှိစေရန်နှင့် စားနပ်ရိက္ခာ ဖူလုံရေး တိုးတက်လာစေရန် ဒေသတွင်း စွမ်းရည် မြှင့်တင်မှုများ ဆောင်ရွက်ခြင်း၊
- လုပ်ငန်းစဉ်များကို ကြီးကြပ်ခြင်း၊ အကဲဖြတ် သုံးသပ်မှုများ ဆောင်ရွက်ခြင်းနှင့် သီးခြား ဆန်းစစ် လေ့လာမှုများ ဆောင်ရွက်ပြီး အစီအစဉ်နှင့် မူဝါဒရေးရာ ကိစ္စရပ်များ ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ခြင်း၊
စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ဆောင်ချက် ရလဒ်တို့ မှာဖော်ပြပါအတိုင်း ဖြစ်ပါသည်။
- ရန်ပုံငွေ ထောက်ပံ့မှုများသည့် ရန်ပုံငွေ အုပ်ချုပ်မှု အဖွဲ့က ချမှတ်ထားသည့် မူဝါဒများနှင့် ကိုက်ညီမှု ရှိရုံမျှ သာကမ ပွင့်လင်း မြင်သာမှု ရှိစေရေးအတွက် ဆောင်ရွက်ခြင်း၊
- ရန်ပုံငွေ လည်ပတ် စီးဆင်းမှုနှင့် လုပ်ငန်းစဉ်များကို လက်တွေ့ အကောင်အထည် ဖော်ဆောင်နေသည့် အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ကြီးကြပ်ကွပ်ကဲ၍ သုံးသပ်အကဲဖြတ်လေ့လာခြင်းများ ဆောင်ရွက်ခြင်း၊